တံပိုးခုနှစ်လုံး သင်ခန်းစာ ၇။ ဖေဖေါ်ဝါရီလ ၁၆၊ ၂၀၁၉
ထိုတံပိုးများအတွက်ဖြည့်စွက်အဓိပ္ပါယ်ဖွင့်ဆိုချက်နှစ်ရပ်ရှိသည်။ ဂရုဏာတံခါးပိတ်ပြီးနောက် တံပိုးခုနှစ်လုံးနှင့်ကောင်းကင်တမန် ခုနှစ်ပါးသည် သတ္တမတံဆိပ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ထိုတံပိုးများအတွက်ဖြည့်စွက်အဓိပ္ပါယ်ဖွင့်ဆိုချက်နှစ်ရပ်ရှိသည်။ ဘုရားသခင်၏ပြစ်ဒဏ်သည် ဘုရားသခင်၏သားသမီးများအားခရစ်တော်အချိန်မှ စပြီးဒုတိယအကြိမ်ကြွလာခြင်းတိုင်အောင်ညှဉ်းပန်းနှိပ်စက်ပြုသူများအတွက် ဖြစ် သည် (တံဆိပ်ခုနှစ်ချက်နှင့်အပြိုင်ဖြစ်သည်)။ ဘုရားသခင်၏ပြစ်ဒဏ်သည် ဘုရားသခင်၏တံဆိပ်ကိုရရှိရန် လက်မခံသော သူများ အတွက်ဖြစ်သည် (ဘေးဒဏ်ခုနှစ်ပါးနှင့်အပြိုင်ဖြစ်သည်)။ တံဆိပ်ခုနှစ်ချက်- ဗျာဒိတ် ၈း၁-၅ တံပိုးခုနှစ်လုံး-ဗျာဒိတ် ၈း၆-၉း၂၁ ကြားကာလ စာစောင်ငယ်နှင့်တကွကောင်းကင်တမန်-ဗျာဒိတ် ၁၀ သက်သေခံနှစ်ပါး-ဗျာဒိတ် ၁၁
သတ္တမတံဆိပ် “သတ္တမတံဆိပ်ကိုဖွင့်သောအခါ ကောင်းကင်ဘုံ၌နာရီဝက်မျှ တိတ်ဆိတ်စွာနေကြ၏။” (ဗျာဒိတ် ၈း၁) ဘုရားသခင်၏တရားစီရင်ခြင်းအတွက်လူများစောင့်ဆိုင်းနေချိန် တွင် မြေကြီးပေါ်သို့တရားစီရင်ခြင်းကိုသွန်းလောင်းတော့မည် ဖြစ်သောကြောင့် ကောင်းကင်တွင်တိတ်ဆိတ်ခြင်းသည်လွှမ်းမိုး နေသည်။ သန့်ရှင်းသူများ၏ဆုတောင်းခြင်းကို ကိုယ်စားပြုသောကောင်း ကင်တမန်အား နံ့သာပေါင်းကိုထပ်မံပေးသည် (ငယ် ၃-၄)။ မီးနှင့်ပြည့်သောလင်ပန်း (ငယ် ၅) ကိုအပြင်သို့ချ လိုက်သောအချိန်တွင် (ဗိမာန်တော်၏အပြင်၊ မြေ ကြီးပေါ်သို့) ပုန်ကန်သော လူသားများအပေါ်သို့ဘုရား သခင်၏တရားစီရင်ခြင်းကျ ရောက်သည်ကိုယောဟန် မြင်ခဲ့ရသည်။
ဓမ္မဟောင်းအချိန်တွင်တံပိုးများကိုမည်ကဲ့သို့အသုံးပြုခဲ့သနည်း? တံပိုးခုနှစ်လုံး (၁) “တံပိုးခုနှစ်လုံးရှိသောကောင်းကင်တမန်ခုနှစ်ပါးတို့သည် မှုတ်အံ့သောငှါ မိမိတို့ကိုယ်ကိုပြင်ဆင်ကြ၏။” (ဗျာဒိတ် ၈း၆) ဓမ္မဟောင်းအချိန်တွင်တံပိုးများကိုမည်ကဲ့သို့အသုံးပြုခဲ့သနည်း? လူများကိုအတူတကွ စုရုံးစေလိုသောငှါ (တော ၁၀း၂-၄) သတိပေးရန်နှင့်စစ် တိုက်ရန်ခေါ်သောအခါ (တော ၁၀း၉) ပွဲတော်များ၊ ကပ် ဆိုက်ချိန်များနှင့်ငြိမ် သက်ခြင်းယဇ်ကိုပူ ဇော်သောအခါ (တော ၁၀း၁၀) “သခင်ဘုရား၏နေ့” တရားစီရင်ခြင်းကို ကြေငြာရန်အလို့ငှါ (ယောလ ၂း၁) ဘုရားသခင်၏လူများကိုတံဆိပ်ခတ်ပြီး (၉း၎) ကောင်းကင်တမန်လေးပါး သည်လေများကိုစေလွှတ်သောကြောင့် (၉း၁၄-၁၅၊ ၇း၁-၁၃) ဘေးဒဏ်ခုနှစ် ပါးနှင့်အပြိုင်ဖြစ်သည်။
တံပိုးခုနှစ်လုံး (၂) “တံပိုးခုနှစ်လုံးရှိသောကောင်းကင်တမန်ခုနှစ်ပါးတို့သည် မှုတ်အံ့သောငှါ မိမိတို့ကိုယ်ကိုပြင်ဆင်ကြ၏။” (ဗျာဒိတ် ၈း၆) တံပိုးများသည် အဲဂုတ္တုပြည်၏ဘေးဒဏ်များနှင့် အလွန်မှပင်ဆင်တူပြီး ဓမ္မဟောင်းမှအခြားသော အရာများနှင့်လည်း ဆင်တူသည်။ အကယ်၍တံဆိပ်နှင့်လေများသည် သန့်ရှင်းသူများအားလုံးနှင့်သက်ဆိုင်ပါက (ဧဖက် ၁း၁၃) လာမည့်စလိုက် (slides) များတွင် တံပိုးခုနှစ်လုံး၏အဓိပ္ပါယ်ကိုဖွင့်ဆိုရာ၌ ကျွန်ုပ်တို့အသုံးပြု မည်ဖြစ်သည်။
ပထမ ဒုတိယ တတိယ စတုတ္ထ
အဓိပ္ပါယ်ဖွင့်ဆိုချက် အကြောင်းအရာ အဓိပ္ပါယ်ဖွင့်ဆိုချက် ကိုးကားချက်များ 1st မိုးသီးနှင့်မီးများသည်သွေးများ နှင့်ရောနှောခဲ့သည်။ မြက်ပင် စိမ်းနှင့်သစ်ပင်များမီးလောင် ကျွမ်းခဲ့ခြင်။ ယေရုရှလင်မြို့၌ တရားစီရင်ခြင်း သစ်ပင်များ=ဖြောင့်မတ်ခြင်း-ဆာ ၁း၁-၃၊ ဟေ ၆၁း၃၊ ယေရမိ ၁၁း၁၆-၁၇။ မိုးသီး၊ မီးနှင့်သွေး-ထွက် ၉း၂၃-၂၆၊ ဟေ ၁၀း၁၆-၂၀၊ ယေဇကျေ ၃၈း၂၂၊ ယေရုရှလင်-မဿဲ ၂၃း၃၇-၃၈၊ လု ၂၃း၂၈-၃၁။ 2nd မီးလောင်သောတောင်ကြီးကို ပင်လယ်ထဲသို့ချသည်။ ပင် လယ်သုံးစုတစ်စုသည် အသွေး များဖြစ်လာပြီးပင်လယ်၌အ သက်ရှင်သောသတ္တ၀ါသုံးစုတစ် စုလည်းသေ၏။သင်္ဘောသုံးစု တစ်စုလည်းပျက်၏။ ရောမမြို့၌တရားစီရင် ခြင်း အသွေး-ထွက် ၇း၁၉-၂၁။ တောင်=ဗာဗုလုန်-ယေရမိ ၅၁း၂၄-၂၅၊ ၄၁-၄၂။ ဗာဗုလုန်=ရောမ-၁ ပေ ၅း၁၃။ 3rd မီးခွက်ကဲ့သို့ထွန်းတောက်သော ကြယ်(ဒေါနရွက်) ရေများပေါ် သို့ကျပြီး ရေသုံးစုတစ်စုသည် ဒေါနရွက်ဖြစ်သွားသည်။ အလယ်ခေတ်အသင်း တော်အပေါ်သို့တရား စီရင်ခြင်း ကြယ်ကြွေ=စာတန်၏အလုပ်-ဟေ ၁၄း၁၂-၁၉၊ လု ၁၀း၁၈၊ ဗျာ ၁၂း၉။ဒေါန=အမှန်တရား ကိုထိန်းသိမ်းခြင်း-ဆာ ၁း၃၊ ၈၄း၆-၇၊ ၁၁၉း၁၀၅၊ ယေရမိ ၂း၁၃။ 4th အလင်း၏အရင်းအမြစ်များ (နေ၊လ၊ကြယ်များ)သည် လှုပ် ခတ်ခဲ့သည်။ တစ်စိတ်တစ်ပိုင်း သည်မှောင်မိုက်သွားခဲ့သည်။ ရောမဘာသာဝင်များ နှင့်ပရိုတက်စတင့်ဘာသာဝင်များအပေါ်သို့ တရားစီရင်ခြင်း မှောင်မိုက်=အမှန်တရားဆုံးရုံးခြင်း-ထွက် ၂၀း ၂၁-၂၃၊ ယောဘ ၃၈း၂၊ ဟေ ၈း၂၂၊ ယောဟန် ၁း၎-၁၁၊ ၃း၁၈-၂၁။
ပဉ္စမ သတ္တမ ဆဌမ
အဓိပ္ပါယ်ဖွင့်ဆိုချက် အကြောင်းအရာ အဓိပ္ပါယ်ဖွင့်ဆိုချက် ကိုးကားချက်များ 5th ကြယ်တစ်လုံးကြွေခြင်း၊ အ နက်ဆုံးသောတွင်းပွင့်ခြင်း၊ အ ခိုးသည် မှောင်မိုက်ကိုယူဆောင် သည်။ ကင်းမြီးကောက်၏တန် ခိုးကိုရသောကျိုင်းကောင်သည် လူကို ဖျက်ဆီးသော်လည်းသစ် ပင်များကိုမဖျက်ဆီးပေ။ ဘုရားမဲ့သူများနှင့်လောကီဆန်သူများအပေါ်သို့ တရားစီရင်ခြင်း သစ်ပင်များ=ဖြောင့်မတ်ခြင်း (ပထမတံပိုးကိုကြည့်ပါ)။ နာကျင်မှုများနှင့်ပါဝင်သည့်အ လင်းကိုငြင်းပယ်ခြင်း။ ဗျာ ၉း၃-၁၁၊ လု ၁၀း၁၇-၂၀၊ ဧဖက် ၁း၁၃-၁၄။ 6th ဥဖရတ်လေကိုလွှတ်လေသည်။ စစ်တပ်ကြီးသည်လူသုံးစုတစ်စု ကိုမီး၊ မီးခိုနှင့်ကန့်ဖြင့်သတ် သည်။ ရုပ်ထုကိုးကွယ်သူများ နောင်တမရဘဲနေကြ၏။ ၀ိညာဉ်ရေးရာဗာဗုလုန် အပေါ်သို့တရားစီရင် ခြင်း ဥဖရတ်မြစ်တိုက်ပွဲ-ဗျာ ၁၆း၁၂-၁၆။ ဗာဗုလုန်ကျရှုံးခြင်း-ဟေ ၄၇း၉-၁၂။ ဗာဗုလုန်၏၀တ္ထု ကိုးကွယ်ခြင်း-ဒံ ၅း၎၊ ၂၃။ 7th နောက်ဆုံးကမ္ဘာကြီးကိုကယ် တင်နိုင်ခြင်းကြောင့်ကောင်းကင် တွင်ဝမ်းမြောက်ကြသည်။ ဒုတိယအကြိမ်ကြွလာ ခြင်း တရားစီရင်ခြင်း-ဆာ ၉း၈၊ ၉၆း၁၆၊ တမန် ၁၇း၃၁။
စာစောင်ငယ်နှင့်တကွကောင်းကင်တမန် “ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကို ၀တ်လျက် ကောင်းကင်ကဆင်းသက်သည်ကိုငါမြင်၏။ သူ၏ ခေါင်းပေါ်၌သက်တံ့ရှိ၏။ သူ၏မျက်နှာသည်နေကဲ့သို့ဖြစ်၏။ သူ၏ခြေသည်လည်းမီးခဲတိုင်ကဲ့ သို့ဖြစ်၏။” (ဗျာဒိတ် ၁၀း၁) မတရားသောသူများကိုဘုရားသခင်တရားစီ ရင်ခြင်းနှင့်သတ္တမတံပိုးအကြားတွင်ကြားကာ လတစ်ခုကိုရှင်းပြထားသည်။ ဘုရားသခင်သည် နှစ်ပေါင်း ၁၂၆၀ အတွင်း လူများကိုမည်ဖိတ်ခေါ်ကြောင်း နှင့် ဂရုဏာ တခါးမပိတ်ခင်ထိဆက်လက်ခေါ်ကြောင်းရှင်း ပြထားသည်။ သူသည်ကျန်ကြွင်းသူများ (အခန်းကြီး ၁၀) နှင့်သမ္မာကျမ်းစာကိုအသုံး ပြုခဲ့သည် (အခန်းကြီး ၁၁)။ ခွန်အားကြီး သောကောင်းကင်တမန်၏လက္ခဏာသွင်ပြင် ကိုဗျာဒိတ် ၁၀ တွင်ခရစ်တော်ပင်ဖြစ်ကြောင်း ဖော်ပြထားသည် (ဗျာ ၁း၁၃-၁၆၊ ၅း၅း၊ ဟောရှေ ၁၁း၁၀၊ အာမုတ် ၃း၈)။
စာစောင်ငယ်နှင့်တကွကောင်းကင်တမန် “ဘုရားသခင်၏ကျွန်တော်မျိုး ပရောဖက်တို့အား ၀မ်းမြောက်စရာသိတင်းကို ဗျာဒိတ်ထားတော်မူသည်နှင့်စပ်ဆိုင်သောဘုရားသခင်၏နက်နဲသောအရာ သည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန်တပိုးမှုတ်ခြင်းအသံမြည်သော နေ့ရက်ကာလ၌ပြည့်စုံခြင်းသို့ရောက်မည်ဟုကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကို ၄င်း၊ အရပ်ရပ်၌ရှိသမျှတို့ကို၎င်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင် တော်မူသောသူကိုတင်တည်၍ကျိန်ဆိုခြင်း ကိုပြုလေ၏၊ (ဗျာဒိတ် ၁၀း၆၊၇) ထိုကောင်းကင်တမန် ၏သတင်းစကားသည်ဗျာဒိတ်ကျမ်း၏နောက်ဆုံးတံ ဆိပ်အပိုင်းဖြစ်သည်။ ကောင်းကင်တမန်၏ လက်ထဲ တွင်ဒံယေလစာစောင်ရှိပြီး၊ အမှုကုန်ပြီဖြစ်ကြောင်း သူကြေငြာသည် (ကိုးကား ဒံ ၁၂း၇-၉)။ ထိုကြေငြာ ချက်သည် နှစ်ပေါင်း ၁၂၆၀ညှဉ်းဆဲခြင်းကာလအဆုံး နှင့် ဒံယေလအနာဂတ္တိ၏အရှည်ဆုံးပရောဖက်ပြု ချက် ၂၃၀၀ ကာလ၏အဆုံးလည်းဖြစ်သည်(၁၈၄၄)။ 457 BC 1844 AD 2,300 years 538 AD 1798 AD 1,260 years ထိုနောက်ပိုင်းတွင် အချိန်ကာလနှင့်ပတ်သက်ပြီး ပရောဖက်ပြုချက်မရှိတော့ချေ။ ထိုနေရာတွင် လုပ် ဆောင်ရန်တာဝန်တစ်ခုရှိသည်-ဧ၀ံဂေလိတရားကို ဟောပြောရန်ဖြစ်သည်။ “ကောင်းကင်တမန်က လည်းသင်သည်အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးမျိုးတို့၌လည်းကောင်း၊ ရှင်ဘုရင်တို့၌ လည်းကောင်း၊ တဖန်ပရောဖက်ပြု၍ ဟောပြောရ မည်ဟု ဆိုလေ၏” (ငယ် ၁၁)။
“ကောင်းကင်တမန်ကြွေးကြော်ကျိန်ဆိုသောအချိန် သည် ဤကမ္ဘာကုန်ဆုံးချိန်မဟုတ်သကဲ့သို့၊ ဂရုဏာ ပိတ်ချိန်လည်းမဟုတ်၊ ကျွန်ုပ်တို့၏သခင်ဘုရားကြွ လာမည့်လမ်းကိုပြင်ဆင်မည့်အကြောင်းပရောဖက် အချိန်ဖြစ်ပါသည်။ ၄င်းသည်တိကျသော (ပရော ဖက်ပြု)ချိန်နှင့်စပ်လျဉ်းပြီး နောက်ထပ်သတင်းစ ကားမရှိတော့ကြောင်း . . . အရှည်ကြာဆုံးသော (ထို)အချိန်သည် ၁၈၄၄ ခုနှစ်၏ ဆောင်းဦးရာသီ၌ ကျရောက်ပါ သည်။” Ellen G. White (SDA Bible Commentary, on Revelation 10)
သက်သေခံနှစ်ပါး “တဖန်တုံလှံတံနှင့်တူသောကျူပင်တစ်လုံးကိုငါ့အားပေး၍ ငါ့ကိုပြောဆို သည်ကားထလော့။ ဘုရားသခင်၏ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကိုတိုင်း လော့။ ဗိမာန်တော်၌ကိုးကွယ်သောသူတို့ကိုလည်းရေတွက်လော့။” (ဗျာဒိတ် ၁၁း၁) ယောဟန်တိုင်းတာရသောဗိမာန်တော်သည်ကောင်း ကင်ဗိမာန်တော်နှင့်၎င်း၏ယဇ်ပလ္လင်ဖြစ်သည်။အပြင် ပိုင်းရင်ပြင်ကိုမတိုင်းတာသင့်ပေအဘယ်ကြောင့်ဆို သော်ဘုရားသခင်၏လူများညှဉ်းဆဲနှိပ်စက်ခံရမည့် နှစ်ပေါင်း၁၂၆၀အတွက်ကိုယ်စားပြုသောမြေကြီးဖြစ်သောကြောင့်ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်ခြင်းကာလအတွင်း သက်သေနှစ်ပါး သည်ကြမ်းတမ်းသောအခြေအနေများတွင်အလုပ် လုပ်နေသည်။ ဇာခရိ ၄ တွင်ရှိရူပါရုံနှင့်နှိုင်းယှဉ်ပါက ထိုသက်သေနှစ်ပါးသည် “ငါ့ဝိညာဉ် အားဖြင့်” ခွန်အားတိုးစေသော “ဘုရား သခင်၏နှုတ်ကပတ်တော်”ဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်ပါသည် (ငယ် ၆)။
United Bible Societies သက်သေခံနှစ်ပါး “သူတို့သည်သက်သေခံပြီးသောအခါ အနက်ဆုံးသောတွင်းထဲကတက်သော သားရဲသည်သူတို့ကိုစစ်တိုက်၍အောင်လိမ့်မည်။” (ဗျာဒိတ် ၁၁း၇) ညှဉ်းပန်းနှိပ်စက်ခြင်းအဆုံးတွင် ပြင်သစ်တော် လှန်ရေးသမားများသည်သမ္မာကျမ်းစာကို ပျက် စီးအောင်ကြိုးစားခဲ့သည်၊ သုံးနှစ်ခွဲတိုင်တိုင် ပိတ်ပင်တားမြစ်ခဲ့သည် (၂၆-၁၁-၁၉၇၃ မှ ၁၇- ၁-၁၇၉၇ အထိ)။ သို့သော်ငြားလည်း သမ္မာကျမ်းစာအသင်း သည် တဖန်ဖြန့်ဝေခဲ့ပြန်သည်၊ထို့ကြောင့် ဘယ်သောအခါမျှ မဖျက်ဆီးနိုင်ခဲ့ပေ။ “အိုထာဝရဘုရား၊ နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ၌အစဉ်အမြဲတည်ပါ၏။” (ဆာ ၁၁၉း၈၉) United Bible Societies
E.G.W. (Selected Messages, vol. 3, cp. 57, p. 426) “Solemn events before us are yet to transpire. Trumpet after trumpet is to be sounded; vial after vial poured out one after another upon the inhabitants of the earth. Scenes of stupendous interest are right upon us and these things will be sure indications of the presence of Him who has directed in every aggressive movement, who has accompanied the march of His cause through all the ages, and who has graciously pledged Himself to be with His people in all their conflicts to the end of the world. He will vindicate His truth. He will cause it to triumph. He is ready to supply His faithful ones with motives and power of purpose, inspiring them with hope and courage and valor in increased activity as the time is at hand.” E.G.W. (Selected Messages, vol. 3, cp. 57, p. 426)