Presentation is loading. Please wait.

Presentation is loading. Please wait.

ပြောင်းလဲရန်အတွက် ပြင်ဆင်ခြင်း

Similar presentations


Presentation on theme: "ပြောင်းလဲရန်အတွက် ပြင်ဆင်ခြင်း"— Presentation transcript:

1 ပြောင်းလဲရန်အတွက် ပြင်ဆင်ခြင်း
သင်ခန်းစာ ၃။ ဧပြီလ ၂၀၊ ၂၀၁၉

2

3 ကျွန်ုပ်တို့၏အသက်တာသည် ပုံမှန်လည်ပတ်နေသည့် သံသရာစက်ဝိုင်းများအားဖြင့် မောင်းနှင်ခြင်းခံရသည်။ သို့သော်ငြားလည်း တစ်ခါတရံတွင်ပြောင်းလဲခြင်းများ သည် ထိုလည်ပတ်မှုများကို ပြုပြင်မွမ်းမံမှုများဖြစ်စေ သည်။ ထိုပြောင်းလဲခြင်းများသည် မမျှော်လင့်ဘဲသော် လည်းကောင်း သို့မဟုတ် ကြိုတင်မြင်နိုင်သည့်အရာများ အားဖြင့် သော်လည်းကောင်းဖြစ်နိုင်သည်။ ထိုပြောင်းလဲခြင်းများအတွက် အထူးသဖြင့်ကြိုတင်မြင် နိုင်သောပြောင်းလဲခြင်းများအတွက် ပြင်ဆင်နိုင်ရန်သမ္မာ ကျမ်းစာကကျွန်ုပ်တို့အားမည်ကဲ့သို့ကူညီနိုင်သည်ကို လေ့လာကြပါစို့။ ပြောင်းလဲရန်အတွက်ပြင်ဆင်ခြင်း လက်ထပ်ထိမ်းမြားခြင်းအတွက်ပြင်ဆင်ခြင်း မိဘဖြစ်ရန်အတွက်ပြင်ဆင်ခြင်း သက်ကြီးပိုင်းအတွက်ပြင်ဆင်ခြင်း သေခြင်းအတွက်ပြင်ဆင်ခြင်း

4 ပြောင်းလဲရန်အတွက်ပြင်ဆင်ခြင်း
“ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှါထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလအဆုံးတွင်ဖြစ်သောငါတို့ကိုဆုံးမစရာဘို့ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။” (၁ ကော ၁၀း၁၁) ပြောင်းလဲခြင်းတစ်စုံတစ်ရာကို သေချာစွာရင်ဆိုင်နိုင်ရန် အတွက်ကျွန်ုပ်တို့ပြင်ဆင်နိုင်ပါသလား? ဟုတ်ကဲ့၊ သင်ပြင်ဆင်နိုင်ပါသည်—ပြင်ဆင်ထားသော် လည်း တချို့သောပြောင်းလဲခြင်းများကို ကျွန်ုပ်တို့ရင် ဆိုင်ရသော အချိန်တွင် ကျရှုံးခြင်းများနှင့်ကြုံတွေ့နိုင် သည် အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့သည် မပြည့်စုံ သောကြောင့်ဖြစ်သည်။ သော့ချက်မှာဘုရားသခင်နှင့်နေ့စဉ်ဆက်ဆံရေးကို စိုက် ပျိုးပါ။ ထိုနည်းအားဖြင့် ပြောင်းလဲခြင်းများကို ကျွနု်ပ် တို့သည်ယုံကြည်ခြင်းနှင့်စိတ်ချခြင်းဖြင့် ရင်ဆိုင်နိုင်လိမ့် မည်။ မည့်သည့်အခြေအနေများ သို့မဟုတ် မည်သည့်စုံ စမ်းခြင်းများလာပါစေ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာခံရန်ဆန္ဒရှိလိမ့်မည်။ ပေါလုသည် ဣသရေလလူမျိုးသဲကန္တာရထဲတွင်ရှိခဲ့သည့် အဖြစ်အပျက်ကိုပြန်လည်ဖော်ပြခဲ့သည်။ သောက်စရာရေ မရှိသည့်အခြေအနေ၊ မောရှေမပြန်လာသောအခြေအနေ သို့မဟုတ် မောဘအမျိုးသမီ များ၏ဖိတ်ကြားခြင်းကို ခံခဲ့ရ သည့်အခြေအနေများကို ၎င်းတို့မည်ကဲ့သို့ရင်ဆိုင်ခဲ့သ နည်း? (၁ ကော ၁၀း၁-၁၃)

5 ပြောင်းလဲရန်အတွက်ပြင်ဆင်ခြင်း
“ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှါထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလအဆုံးတွင်ဖြစ်သောငါတို့ကိုဆုံးမစရာဘို့ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။” (၁ ကော ၁၀း၁၁) မမျှော်လင့်သောပြောင်းလဲခြင်းများကို အပြုသဘော၊ (၀ါ) အပျက်သဘောဖြင့်တုန့်ပြန်ခဲ့ သောသူများကိုသမ္မာကျမ်းစာထဲတွင်ဥပမာများဖြင့်တွေ့ရသည်- ယောန နိနဝေမြို့သို့သွားရောက်ဟောပြောရန် ခိုင်းစေခြင်းခံခဲ့ရသောအချိန်တွင် သူရဲ ဘောကြောင်ခြင်းကိုပြသခဲ့သည်။ ပေတရု ခရစ်တော်ကိုလူအုပ်ကြီးကလာရောက် ဖမ်းဆီးသောအချိန်တွင်သူသည်အ ကြမ်းဖက်သောနည်းဖြင့်တုန့်ပြန်ခဲ့သည်။ ဒေသ ၎င်းတို့ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသောအချိန် တွင် ပေါလုကိုသူချန်ထားခဲ့သည်။ ဒံယေလ အခြားနိုင်ငံကိုဖမ်းဆီးခေါ်ဆောင်ခြင်းခံ ခဲ့ရသောအချိန်တွင် ဖြူစင်စွာဖြင့်တည် ရှိခြင်းအားဖြင့်ဖြေရှင်းခဲ့သည်။ ဧသတာ သူ့လူမျိုးကိုကာကွယ်ရန်အတွက် သူအသက်စွန့််စားခဲ့သည်။ နေဟာမိ ယေရုရှလင်မြို့ပျက်စီးယိုယွင်ကြောင်း တွေ့ရသောနောက်ယေရုရှလင်ကို ပြန် လည်တည်ဆောက်ရန်သူစီစဉ်ခဲ့သည်။

6 လက်ထပ်ထိမ်းမြားခြင်းအတွက်ပြင်ဆင်ခြင်း
“မယားကိုရသောသူသည်ကောင်းသောအရာကိုရ၍ ထာဝရဘုရား၏ကျေးဇူးတော်ကိုခံရ၏။” (သုတ္တံ ၁၈း၂၂) လူတိုင်းလက်ထပ်ထိမ်းမြားခြင်းကိုမပြုသော်လည်း — အများအားဖြင့် လက်ထပ်ထိမ်းမြားခြင်းကို ပြုသည်။ သမ္မာကျမ်းစာ၏ပထမစာမျက်နှာများတွင်ပင် (ကမ္ဘာ ၂း၂၄) ဤခေါင်းစဉ်ကိုဖော်ပြထားသည်။ လက်ထပ်ထိမ်းမြားခြင်းသည် အမျိုးသားနှင့်အမျိုးသမီး ကိုတစ်လုံးတစ်ဝတည်းအမှန်တကယ် ဖြစ်စေသည်။ ထိုဆက်ဆံရေးသည် မိဘများ သို့မဟုတ် အခြားသူများ နှင့်ဆက်ဆံခြင်းထက်သာ၍ခိုင်မာသည်၊ သို့သော်လည်း ထိုအခြားဆက်ဆံရေးများကိုမဖျက်ပယ်ပေ။ လက်ထပ်ထိမ်းမြားခြင်းအတွက် ပထမဦးဆုံးပြင်ဆင်ရမည့်ခြေ လှမ်းမှာစံနမူနာယူထိုက်သူတစ် ဦးဖြစ်အောင်မိမိကိုယ်ကိုပြင် ဆင်ခြင်းဖြစ်သည်။ ဒုတိယခြေ လှမ်းမှာ စံနမူနာယူထိုက်သူ ဘ၀လက်တွဲ ဖော်ကိုရှာရမည်။

7 လက်ထပ်ထိမ်းမြားခြင်းအတွက်ပြင်ဆင်ခြင်း
“မယားကိုရသောသူသည်ကောင်းသောအရာကိုရ၍ ထာဝရဘုရား၏ကျေးဇူးတော်ကိုခံရ၏။” (သုတ္တံ ၁၈း၂၂) အောက်ပါကျမ်းပိုဒ်များကိုလေ့လာပြီး သင့်အနာ ဂတ်ဘ၀လက်တွဲဖော်နှင့်ပတ်သက်၍ သင့်ကိုယ် သင်မေးခွန်းပြန်မေးပါ။ သူတပါးအတွက် အနာ ဂတ်ဘ၀လက်တွဲဖော်တစ်ယောက်ဖြစ်လာရန် သင်ရောဤစမ်းသပ်မှုကို အောင်နိုင်မည်လော? သူသည် အလုပ်ကြိုးစာသူဖြစ်သလား? သုတ္တံ ၂၄း၃၀-၃၄ သူသည် ကသိကအောင့်ဖြစ်စေသောသူ လား? သုတ္တံ ၂၄း၂၄-၂၅ တူညီသောဘုံ ယုံကြည်ခြင်းရှိပါသလား? ၂ ကော ၆း၁၄-၁၅ သင့်မိသားစုနှင့်မိတ်ဆွေများကမည်ကဲ့သို့ ထင်မြင်သနည်း? သုတ္တံ ၁၁း၁၄ ခံစားချက်တစ်ခုတည်း သို့မဟုတ် ယုံကြည်ခြင်းအပေါ်တွင်ရပ်တည်ခြင်းလား? သုတ္တံ ၃း၅-၆

8 “အမျိုးသမီးငယ်တစ်ဦးအနေဖြင့် သန့်ရှင်း သောသူ၊ ယောက်ျားပီသသည့်ကောင်းသော အကျင့်စာရိတ္တလက္ခဏာရှိသူ၊ ကြိုးစားသော သူ၊ အနာဂတ်အတွက်ရည်ရွယ်ချက်ရှိသော သူ၊ ရိုးသားသောသူ၊ ဘုရားကိုချစ်ကြောက် သောသူကို ဘ၀ကြင်ဖော်တစ်ဦးအနေဖြင့် လက်ခံပါစေ။ လူငယ်ကောင်လေးတစ်ဦးအ နေဖြင့် ဘ၀ရဲ့ဝန်တာများကိုမျှဝေ၍ရသောသူ၊ သူမရဲ့လွမ်းမိုးမှုသည် သူ့ကိုဂုဏ်တက်စေပြီး မွန်းမံမည့်သူ၊ သူမရဲ့ချစ်ခြင်း၌သူ့အားပျော်မွေ့ စေမည့်သူကို သူ့နံဘေးတွင်ရပ်တည်စေရန် ရှာဖွေပါစေ။” E.G.W. (Messages to Young People, cp. 148, p. 435)

9 မိဘဖြစ်ရန်အတွက်ပြင်ဆင်ခြင်း
“သူငယ်သွားရာလမ်းဝ၌ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါထိုလမ်း၌မလွှဲ လိုက်သွားလိမ့်မည်။” (သုတ္တံ ၂၂း၆) ကလေးငယ်မွေးဖွာခြင်းသည် မိဘများအတွက် လုံးလုံးလျားလျားပြောင်းလဲခြင်းတစ်ရပ်ဖြစ်သည်။ ပျော်ရွှင်ခြင်း၊ တာဝန်၊ ဇဝေဇ၀ါဖြစ်ခြင်း….. သင်ယုံယုံ၊ မယုံယုံ (ဆာ ၁၂၇း၎) ကလေးဘယ် နှစ်ယောက်ပင်ရှိနေရှိနေ အယောက်စီတိုင်းသည် တမူထူးခြားပြီး၊ သီးသန့်စီဖြစ်ရာ၊ ဘုရားသခင် ထံမှဆုလက်ဆောင်ဖြစ်သည်။ သမ္မာကျမ်းစာအရ မိဘဖြစ်ရန်အတွက် မည်သည့် အရာများကို ကျွန်ုပ်တို့ပြင်ဆင်နိုင်သနည်း? ၁ ဓမ္မ ၁း၂၇ သူ့ကို ကိုယ်ဝန်မဆောင်မီကပင် အမြဲဆုတောင်းပေးပါ။ တရားသူကြီး ၁၃း၇ ကိုယ်ဝန်ဆောင်စဉ်ကာလသင့်အစားအသောက်နှင့်ကျန်းမာရေးကိုဂရုစိုက်ပါ၊ မီးဖွားပြီးသော်လည်း မရပ်တန့်လိုက်ပါနှင့်။ လုကာ ၁း၆ အပြစ်မှကင်းဝေးအောင်ထားပါ။ လုကာ ၁း၄၁ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုကိုတောင်းခံပါ။ လုကာ ၁း၄၆-၄၇ ဤအသက်အသစ်အတွက်ကျေးဇူးတင်ပါ။ လုကာ ၁း၇၆ သင့်အဓိကရည်ရွယ်ချက်မှာ သင့်ကလေးငယ်အား ဘုရားသခင် ၏စစ်မှန်သောသား သို့မဟုတ် သမီးဖြစ်အောင်မြေထောင်မြှောက်ပေးရမည်။

10 သက်ကြီးပိုင်းအတွက်ပြင်ဆင်ခြင်း
“ငါနေ၍မပြောနိုင်ဟုဆိုရသောကာလသည်မနီး၊ ဆိုးသောကာလမရောက်မီ ယခုအသက် ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကိုအောက်မေ့လော့။” (ဒေသနာ ၁၂း၁) သက်ကြီးပိုင်းအတွက်ပြင်ဆင်ခြင်းသည် လူငယ်ဘ၀မှ စတင်သည်။ လူငယ်ဘ၀နှင့်လူလတ်ပိုင်းဘ၀တွင်နေထိုင်ခြင်အကျင့် သည် သက်ကြီးပိုင်းဘ၀အပေါ်တွင်အကျိုးသက်ရောက် မှုကိုဖြစ်စေသည်။ ဆာလံ ၇၁ အရ သက်ကြီးပိုင်းအတွက် ကျွန်ုပ်တို့မည်ကဲ့ သို့ပြင်ဆင်နိုင်မည်နည်း? ဘုရားကို မိမိကိုယ်တိုင် နက်နက်ရှိုင်းရှိုင်း သိအောင်လုပ်ပါ (ငယ် ၁-၇) အကျင့်ကောင်းများကို ကျင့်ယူပါ- ဘုရားသခင်ကိုယုံကြည်ခြင်း (ငယ် ၃) ချီးမွမ်းခြင်း (ငယ် ၆) မျှော်လင့်ခြင်း (ငယ် ၁၄) သာသနာအတွက်စိတ်ထက်သန်မှုရှိပါ (ငယ် ၁၅-၁၈)

11 “အသက်ရှင်သောသူသည်မိမိသေရမည်ကိုသိ၏။” (ဒေသနာ ၉း၅)
သေခြင်းအတွက်ပြင်ဆင်ခြင်း “အသက်ရှင်သောသူသည်မိမိသေရမည်ကိုသိ၏။” (ဒေသနာ ၉း၅) ဒုတိယအကြိမ်ကြွလာချိန်အထိအသက်ရှင်သောလူ များအတွက်သေခြင်းတရား သည်ရှောင်လွှဲ၍ မရ သောအရာဖြစ်သည် (ကမ္ဘာ ၃း၁၉)။ မည်သူမျှ (မိမိအတွက် သို့မဟုတ် မိမိချစ်ရသူအ တွက်ပင်လျှင်) ရုတ်တရက်သေခြင်းအတွက် မပြင် ဆင်နိုင်ပေ။ ကျွန်ုပ်တို့သိထားပြီးဖြစ်သည့်တိုင် အောင် သေခြင်းတရားကိုလက်ခံရန်ခက်ခဲလှသည်။ သို့သော်ငြားလည်း ခရစ်တော်၏ဖြောင့်မတ်ခြင်း (ရောမ ၄း၇) အားဖြင့်ကျွန်ုပ်တို့အားအဆက်မပြတ် လွှမ်းခြုံထားပါက သေခြင်းတရားကိုကြောက်ရွံ့ခြင်း ကင်းမဲ့စွာဖြင့် ကျွန်ုပ်တို့ရင် ဆိုင်နိုင်သည်။ ဒါဝိတ်သည်သေချိန်နီးလာသောအခါ အကောင်းဆုံးအမွေအနှစ်ကို ချန်ပြီးထွက်ခွာနိုင်အောင် သေသေချာချာဆောင်ရွက်ခဲ့သည်။ သူ၏ သားက ဘုရားသခင်၏လမ်းကိုလိုက်နာရန်အကြံဥာဏ်များပေးသည် ( ၃ ဓမ္မ ၂း၁-၃)။ ခရစ်တော်သည်သေခြင်းတရားကို အောင်နိုင်ခဲ့သည်ကို သတိရပါ (၁ ကော ၁၅း၅၄-၅၅)။

12 “သင့်အတွက်ပြင်ဆင်ပေးပြီးသားဖြစ်သည့် ကြီးမားသော ကယ်တင်ခြင်းကို ဂရုမစိုက်မိဘဲဆုံးရှုံးစေရန်အချိန်တစ်ခဏ လေးမျှပင် သင်၌မရှိချေ။ အသက်ဝိညာဉ်၏ ဂရုဏာကာလ သည် အဆုံးသို့ရောက်လုနီးနေပြီ။ တစ်နေ့ပြီးတစ်နေ့ လူတို့ ၏လားရာခရီးဆုံးသည် တံဆိပ်ခပ်လျှက်နေပြီ၊ ဤလူထု (ယ ခုစာဖတ်သူ) ထဲတွင်ပင်အများသောသူတို့သေခြင်း၌မျက်လုံး စုံမှိတ်၊ သချိုင်္င်းအတွက်ဖြစ်နေပြီဖြစ်ကြောင်း မည်မျှလောက် နီးနေပြီဖြစ်ကြောင်း ကျွန်ုပ်တို့မသိနိုင်ပေ။ ကျွန်ုပ်တို့၏ဘ၀ သည် လျင်မြန်စွာထွက်သွားမည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ဘ၀ ကိုခရစ်တော်၌ခိုလှုံမှုမပြုလျှင် တစ်ခဏလေးမျှပင် လုံခြုံမှု မရှိ ကြောင်း ယခုပင် ဆင်ခြင်သင့်ပါသည်။” E.G.W. (Selected Messages, vol. 1, cp. 23, p. 189)


Download ppt "ပြောင်းလဲရန်အတွက် ပြင်ဆင်ခြင်း"

Similar presentations


Ads by Google