Download presentation
Presentation is loading. Please wait.
1
သာ၍ကောင်းသော ကမ္ဘာအတွက်ပုံစံကြမ်း
သင်ခန်းစာ ၂။ ဇူလိုင်လ ၁၃၊ ၂၀၁၉
2
ကာကွယ်စောင့်ရှောက်မှုဆိုင်ရာဥပဒေ များ
နှစ်ပေါင်းများစွာကျွန်ခံခဲ့ပြီးနောက် ဘုရားသခင် သည် အဲဂုတ္တုပြည်မှဣသရေလလူများကို ထုတ်ဆောင်ခဲ့သည်။ ၎င်းတို့၏ကတိတော်ပြည်သို့သွားရာလမ်းတွင် တရားမျှတသောဥပဒေများကို ဘုရားသခင်က သူတို့ကိုပေးခဲ့သည်။ “ငါသည်ယနေ့သင်တို့၌ ထားသော တရားအပေါင်းနှင့်အမျှဖြောင့်မတ် သော စီရင်ထုံးဖွဲ့ချက်တို့ကိုရသောအဘယ် လူမျိုးကြီးရှိသနည်း?” (တရားဟော ၄း၈) ဤပညတ်ဥပဒေများသည် ကာကွယ်မှုကိုပေးထားခဲ့ပြီး အထူး သဖြင့် အားနည်းသူများကို ကာကွယ်မှုပေးထားခဲ့သည်။ တရားဥပဒေရေးဆွဲသူ ပညတ်တော်ဆယ်ပါး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာဥပဒေ များ ဒုတိယဆယ်ဘို့တဘို့ ယုဘိလနှစ်
3
တရားဥပဒေ ရေးဆွဲသူ “ထိုလူများတို့သည်ယုံကြည်၏။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အကြည့်အရှုကြွတော်မူသည်ကိုလည်းကောင်း၊ သူတို့ခံရသောဆင်းရဲခြင်းကို မှတ်တော်မူသည်ကိုလည်းကောင်း ကြားသောအခါ ဦးညွှတ်ချ၍ကိုးကွယ်ကြ၏။” (ထွက် ၄း၃၁) ဘုရားသခင်သည်မီးလောင်၍ “ချုံမကျွမ်း သော” “မီးလျှံ၌” မောရှေအား မိမိကိုယ် ကိုထင်ရှားပြသခဲ့သည် (ထွက် ၃း၂)။ သူ၏လူများဝမ်းနည်းခြင်းနှင့်ငိုးကြွေးခြင်း အသံကို သူကြားကြောင်းမောရှေကို ဘုရားသခင် ပြောခဲ့သည် (ငယ် ၇)။ ဘုရားသခင်သည်မောရှေအား ဣသရေလလူများကို အဲဂုတ္တုပြည်မှ ထုတ်ဆောင်ရန်အတွက်စေခိုင်းခဲ့သည် (ငယ် ၁၀)။ အဲဂုတ္တုပြည်မှ လက်ချည်းသက်သက်သူတို့ထွက်သွားခဲ့ရသည်မဟုတ်ပေ။ ဣသရေလလူများအားကျွန်ကဲ့သို့ခိုင်းစေခဲ့ခြင်း အတွက်အဲဂုတ္တုလူများမှ ပြန်ပေးရသည်(ငယ် ၂၁)။ ခါနာန်ပြည်သို့အသွားလမ်းတွင် ယခင်ကျွန်ဖြစ်ခဲ့ သူများမှ နိုင်ငံတစ်နိုင်ငံဖြစ်အောင်ပြုလုပ်ရန် ဘုရား သခင်ပြုခဲ့သည်။ ကမ္ဘာကြီးတစ်ခုလုံးအတွက် ကောင်းကြီးဖြစ်နိုင်ရန်အတွက် ၎င်းတို့အတွက် တရားမျှတသောဥပဒေများကိုပေးခဲ့သည်။ ထို့အ တွက်ကြောင့် ၎င်းတို့ကိုသိနာတောင်သို့ခေါ်ခဲ့သည်။
4
“ထာဝရဘုရားသခင်က “ငါသည်သင့်ကိုကျွန်ခံနေရာ အဲဂုတ္တုပြည်မှကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ ဘုရား သခင်ထာဝရဘုရားဖြစ်သည်ဟု ပညတ်တော်ကိုပေးသောသူ အနေဖြင့်လည်းကောင်း၊ တရားသူကြီးတစ်ပါး၏ ကြီးမြတ်မှု အသွင်အပြင်ကိုသာမက မိမိလူတို့အားကရုဏာတော်နှင့် ပြည့်စုံစွာကာကွယ်စောင့်ရှောက်သူ တစ်ပါးအနေဖြင့် လည်း ကောင်း မိမိကိုယ်ကိုဖော်ပြတော်မူခဲ့ပါသည်။ မိမိတို့၏လမ်းပြရှင် (၀ါ) ကယ်နုတ်ရှင်အဖြစ် ထိုသူတို့သိထားခဲ့ကြသော ကိုယ်တော်ရှင်၊ ဖါရောဘုရင်နှင့်တကွ အဲဂုတ္တုလူများကို အောင်နိုင်ကာ ပင်လယ်နီထဲတွင် ၄င်းတို့အတွက် လမ်းထွင်ပေးတော်မူခဲ့ပြီး အဲဂုတ္တုပြည်မှ၎င်းတို့အား ထုတ်ဆောင်တော်မူခဲ့သော ကိုယ်တော်ရှင်၊ ထိုကိုယ်တော်ရှင် သည် ယခုတွင် ပညတ်တော်ကိုဖွင့်ဆိုနေတော်မူပါသည်။” E.G.W. (ရှေးဘိုးဘေးများနှင့်ပရောဖက်များ၊ အတွဲ ၁၊ စာ၊ ၄၅၆)
5
ပညတ်တော်ဆယ်ပါး “သင်တို့ကျင့်စရာဘို့မှာထားတော်မူသော ပဋိညာဉ်တရားတည်းဟူသော ပညတ်တော်ဆယ်ပါးတို့ကို မိန့်မြွက်၍ကျောက်ပြားနှစ်ပြားပေါ်၌ ရေးထားတော်မူ၏။” (တရားဟောရာကျမ်း ၄း၁၃) ပညတ်တော်ဆယ်ပါးသည် ဣသရေလလူများ၏အခြေခံ ဖွဲ့စည်းပုံဖြစ်ခဲ့သည်။ ထိုအရာသည်အမြင့်ဆုံးဥပဒေပညတ် ဖြစ်ပြီး ထိုအရာပေါ်အခြေခံကာ အခြားသောဥပဒေများကို ရေးဆွဲရယူထားခဲ့သည်။ ပညတ်တော်ကိုဖြည့်စွက်ခြင်းသည် ဘုရားသခင်ကို ချစ် ကြောင်းပြခြင်း (ပထမပညတ် ၄ ပါး၊ တရားဟော ၆း၅၊ မဿဲ ၂၂း၃၇-၃၈) နှင့် အိမ်နီးနားခြင်း (နောက်ဆုံးပညတ် ၆ ပါး၊ ၀တ် ၁၉း၁၈၊ မဿဲ ၂၂း၃၉)တို့အား ချစ်ကြောင်းကိုပြသ ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏အပြုအမှုများနှင့်ရည်ရွယ်ချက်နှစ်ရပ်လုံးဖြင့် ပညတ်တော်များကို ဖြည့်ဆည်းလိုက်နာသင့်သည် (မဿဲ ၅း၂၁-၃၀)။ ပညတ်တော်များကိုစောင့်ထိန်းသောလူ့အဖွဲ့အစည်းတွင် လူတစ်ဦးနှင့်တစ်ဦးဂရုစိုက်ခြင်းဖြင့် ဘုရားသခင်ကိုချစ် ကြောင်းပြရန်အတွက် လူတိုင်းစိတ်အားထက်သန်စွာဖြင့် တက်ကြွလှုပ်ရှားနေကြမည်ဖြစ်သည်။
6
“What a God is our God! He rules over His kingdom with diligence and care, and He has built a hedge—the Ten Commandments— about His subjects to preserve them from the results of transgression. In requiring obedience to the laws of His kingdom, God gives His people health and happiness, peace and joy. He teaches them that the perfection of character He requires can be attained only by becoming familiar with His word.” E.G.W. (Counsels to Parents, Teachers, and Students, cp. 64, p. 454)
7
ကာကွယ်စောင့်ရှောက်မှုဆိုင်ရာဥပဒေများ
“တပြည်တနိုင်ငံသားဖြစ်သောဧည့်သည်ကို မနှောင့်ရှက်မညှဉ်းဆဲရ။ သင်တို့ သည် အဲဂုတ္တုပြည်၌ဧည့်သည်ဖြစ်ကြဘူးပြီ။ မိဘမရှိသောသူငယ်နှင့်မုဆိုးမကို သင်တို့သည် မနှောင့်ရှက်ရ။” (ထွက် ၂၂း၂၁-၂၂) ထွက်မြောက်ရာကျမ်းအခန်းကြီး(၂၁-၂၃)တွင် မတူညီသောဥပဒေများကိုထည့်သွင်းရေးသားထားသည်။ ကျွန်အတွက် ပညတ်များ (၂၁း၂-၁၁) ရာဇ၀တ်မှု ချိုးဖောက် ခြင်းအတွက် ပညတ်များ (၂၁း၁၂-၃၆) ပစ္စည်းဥစ္စာ အတွက် ပညတ်များ (၂၂း၁-၁၅) နေ့စဉ်အသက် တာအတွက် ပညတ်များ (၂၂း၁၆-၃၁) ဤပညတ်များ ကိုပြန်လည်အသုံးပြုမည့်နည်း (၂၃း၁-၉) ထိုအားနည်းချို့ယွင်းသူများ (ကျွန်များ၊ နိုင်ငံခြားသားများ၊ မုဆိုးမများနှင့်မိဘမဲ့ များ) ကို ဂရုစိုက်ခြင်းသည် ဤပညတ်များ၏အဓိကသော့ချက်ဖြစ်သည်။ ဣသရေလလူများသည် အဲဂုတ္တုပြည်တွင်နိုင်ငံခြားသားများအဖြစ်နေခဲ့ရချိန်တွင် ဘုရားသခင်ကသူတို့ကို ဂရုစိုက်ခဲ့သကဲ့သို့ ထိုသူများကိုလည်းဂရုစိုက်ရသည်။
8
“ရှေးခေတ်ဣသရေလများအားထာဝရဘုရား ပေးတော်မူခဲ့သောပညတ်တော်သည် ကမ္ဘာပေါ် ရှိအယဉ်ကျေးဆုံးလူမျိုးတစ်မျိုး၏ပညတ်များ ထက်သာ၍ဥာဏ်အမြော်အမြင်နှင့်ပြည့်စုံကာ ကောင်းမြတ်ပြီးသာ၍ထောက်ထားစာနာမှုနှင့် ပြည့်ဝပါသည်။တိုင်းနိုင်ငံများ၏ဥပဒေပညတ်များ သည်အသစ်ပြုပြင်ခြင်းမခံရသေးသောနှလုံးသား များ၏အားနည်းချို့ယွင်းချက်များ၊စိတ်ဇောများ တို့၏အမှတ်လက္ခဏာများကိုဆောင်ထားသော် လည်း ထာဝရဘုရား၏ ပညတ်တော်မှာမူဘုရား သခင်၏တံဆိပ်အမှတ်ကိုဆောင်ထားပါသည်။” E.G.W. (ရှေးဘိုးဘေးများနှင့်ပရောဖက်များ ဒုတွဲ၊ စာ၊၁၃၁)
9
ဒုတိယဆယ်ဘို့တဘို့ “တတိယနှစ်တွင်သိမ်းသောအသီးအနှံဆယ်ဘို့တဘို့ရှိသမျှကို ထုတ်၍မြို့ထဲမှာသိုထားရမည်။ သင်တို့နှင့်ရော၍အဘို့မရှိ၊ အမွေကိုမခံရသောလေ၀ိသား၊ သင်တို့နေရာအရပ်၌ရှိသော တပါးအမျိုးသား၊ မိဘမရှိသောသူငယ်၊ မုဆိုးမများတို့သည်လာ၍ ၀စွာစားရကြမည်။ သို့ဖြစ်လျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုလေရာ၌ကောင်းကြီးပေးတော်မူမည်။” (တရားဟော ၁၄း၂၈-၂၉) တရားဟော ၁၄း၂၂-၂၉ သည် ဣသရေလများက ဒုတိယဆယ်ဘို့တဘို့ကိုပေးရမည်ဖြစ်ကြောင်းရှင်းပြ ထားပြီး ပထမဆယ်ဘို့တဘို့နှင့်ရည်ရွယ်ချက်ခြားနား သည်။ ဤဒုတိယဆယ်ဘို့တဘို့ကို ယေရုရှလင်မြို့သို့နှစ်နှစ် တာအတွက်ယူဆောင်ခဲ့သည်။ အချို့ကိုမိသားစုတွင် စားသုံးခြင်း၊ လိုအပ်သူများကိုမျှဝေခြင်းများပြုခဲ့သည်။ ဤအထူးဆယ်ဘို့တဘို့ကို တတိယနှစ်တွင်မြို့တိုင်းရှိ “ဒေသခံ” များနှင့်မျှဝေခဲ့သည်။ ဣသရေလလူတိုင်းသည် နိုင်ငံကိုထိန်းသိမ်းရန် အတွက် ၎င်းတို့၏၀င်ငွေမှ ၂၅-၃၃% ကို ပေးလေ့ရှိ သည်။ ထိုအထဲမှအချို့အပိုင်းသည် လိုအပ်သူများကို ကြည့်ရှုရန်အတွက်ဖြစ်သည်။
10
E.G.W. (Education, cp. 5, p. 44) “The consecration to God of a tithe of all increase, whether of the orchard and harvest field, the flocks and herds, or the labor of brain or hand, the devotion of a second tithe for the relief of the poor and other benevolent uses, tended to keep fresh before the people the truth of God’s ownership of all, and of their opportunity to be channels of His blessings. It was a training adapted to kill out all narrowing selfishness, and to cultivate breadth and nobility of character.”
11
ယုဘိလနှစ် “ငါးဆယ်မြောက်သောနှစ်ကိုသန့်ရှင်းစေသဖြင့် တပြည်လုံး၌ပြည်သားအပေါင်းတို့အား လွတ်ရာ အခွင့်ကိုကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍ လူတိုင်းမိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။” (၀တ်ပြုရာကျမ်း ၂၅း၁၀) ယုဘိလနှစ်သည် မြေကိုအနားပေးသောနှစ်ဖြစ် သည်။ ယုဘိလနှစ်တွင်လူတိုင်း၎င်းတို့၏အမွေအနှစ် ကိုပြန်ရသောနှစ်ဖြစ်သည်။ ဤနည်းအားဖြင့် မည်သူမျှကြီးမားများပြားသောမြေ ယာကိုမစုဆောင်းနိုင်ကြတော့ပေ။ ထို့အပြင် မိသား စုများသည်လည်း ၎င်းတို့၏မြေယာများနှင့် အသက် မွေးဝမ်းကျောင်းကို ထာဝရမဆုံးရှုံးတော့ပေ။ တစ်စုံတစ်ယောက်က၎င်းတို့၏အမွေမြေကိုရောင်း လိုပါက ပေးရမည့်တန်ဘိုးသည် ယုဘိလနှစ် ရောက်သည်အထိရမည့်တန်ဘိုးနှင့်ညီမျှရသည်။ အပြစ်တရားကြောင့် ဆင်းရဲမည့်သူများကတော့ အမြဲရှိနေမည်ဖြစ်သည် (မဿဲ ၂၆း၁၁)။ ယုဘိ လနှစ်အတွက်ဘုရားသခင့်ရည်ရွယ်ချက်မှာ လူမှု ရေးရာမမျှတမှုကို လျှော့ကျနိုင်ဖို့ရန် ဖြေရှင်းပေးဖို့ ဖြစ်သည်။
12
“In apportioning the inheritance of His people, it was God’s purpose to teach them, and through them the people of after generations, correct principles concerning the ownership of the land. The land of Canaan was divided among the whole people, the Levites only, as ministers of the sanctuary, being excepted. Though one might for a season dispose of his possession, he could not barter away the inheritance of his children. When able to do so, he was at liberty at any time to redeem it; debts were remitted every seventh year, and in the fiftieth, or year of jubilee, all landed property reverted to the original owner. Thus every family was secured in its possession, and a safeguard was afforded against the extremes either of wealth or of poverty.” E.G.W. (Education, cp. 5, p. 43)
13
“Where shall we find laws more noble, pure, and just than are exhibited on the statute books wherein is recorded the instruction given to Moses for the children of Israel? From what other source can we gather such strength or learn such noble science? What other book will teach men so well how to love, fear, and obey God? What other book presents to students more ennobling science, more wonderful history? It clearly portrays righteousness and foretells the consequence of disloyalty to the law of Jehovah.” E.G.W. (Counsels to Parents, Teachers, and Students, p. 428)
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.