Download presentation
Presentation is loading. Please wait.
Published byJette Kjærgaard Modified over 5 years ago
1
ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်း ( AREDP ) တိုင်းဒေသကြီးစီမံကိန်းဦးစီးရုံးမှ တင်ပြချက် ၃၁-၈-၂၀၁၈
2
မြန်မာနိုင်ငံ၏စီးပွားရေးသည် လွတ်လပ်ရေးမရမီက အာရှတွင် ကမ္ဘာ့ ဈေးကွက် ယခုခေတ်အခေါ် ကမ္ဘာ့ဈေးကွက်ကွင်းဆက် (Global Supply Chain) အတွင်းသို့ ရောက်ရှိနေခဲ့ပြီးဖြစ်ပါသည်။ ကမ္ဘာ့ဆန်ဈေးကွက်ကို ဦးဆောင်ခဲ့ပြီး ကမ္ဘာ့ဆန် အများဆုံးတင်ပို့သော နိုင်ငံအဖြစ် ရပ်တည်ခဲ့ရုံသာမက ကျွန်းသစ်၊ ရေနံ၊ ဓါတ်သတ္တုများ တို့သည် ကမ္ဘာ့ဈေးကွက်အတွင်း တင်ပို့ရောင်းချခဲ့သော နိုင်ငံအဖြစ်ရပ်တည်ခဲ့ပါသည်။ နိုင်ငံခြားသားပိုင်နှင့် မြန်မာတိုင်းရင်းသားပိုင် ကမ္ဘာ့အဆင့်ရှိ ကုမ္ပဏီများကို ပြည်သူပိုင် သိမ်းလိုက်ပြီး နိုင်ငံပိုင်လုပ်ငန်းများအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်မှ စ၍ ၁၉၆၂ ခုနှစ်ကာလအတွင်း စီးပွားရေး တိုးတက်မှုရှိခဲ့သော်လည်း ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ တာဝန်ယူချိန်မှစ၍ နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသားပိုင် ကမ္ဘာ့ အဆင့်ရှိ ကုမ္ပဏီများကို ပြည်သူပိုင်သိမ်းယူပြီး နိုင်ငံပိုင်လုပ်ငန်းများအဖြစ်သို့ ပြောင်းလဲ ဆောင်ရွက်ခဲ့ခြင်း၊ ၁၉၇၄ ခုနှစ် မှ ၁၉၈၈ ခုနှစ်ကာလအတွင်း ဆိုရှယ်လစ်စနစ်ဖြင့် တံခါးပိတ်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ခြင်းတို့ကြောင့် နိုင်ငံ၏စီးပွားရေးသည် တဖြည်းဖြည်း ကျဆင်းခဲ့ပါသည်။
3
၁၉၈၉ ခုနှစ်မှ ၂၀၁၀ ခုနှစ် ကာလအတွင်း နိုင်ငံ၏ စီးပွားရေးသည် သယံဇာတကို အခြေခံသည့် စီးပွားရေးပုံစံဖြစ်ပြီး ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ရင်းနှီးမြုပ်နှံမှု အားနည်းခဲ့သည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တည်ငြိမ်မှု မရှိဘဲ ကာလရှည်စွာ ကျဆင်းခဲ့ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးတိုးတက်မှုသည် ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ် အထိ စီးပွားရေးတိုးတက်မှုနှုန်း အနေဖြင့် တစ်နှစ်ပျှမ်းမျှ ၇.၃ % တိုးတက်ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ၅.၉ % နှင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၆.၈% တိုးတက်ခဲ့ပါသည်။
4
မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်း ( ရာခိုင်နှုန်း )
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ၂၀၁၁ ခုနှစ်တွင် ၅.၆ % မှ တိုးတက်လာရာ ၂၀၁၃ ခုနှစ် တွင် ၈.၄ % ထိ တိုးတက်ခဲ့ပြီး ပြန်လည်ကျဆင်းလာရာ ၂၀၁၆ ခုနှစ်တွင် ၅.၉ % နှင့် ၂၀၁၇ ခုနှစ်တွင် ၆.၈ % ဖြစ်သည်။ မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်း ( ရာခိုင်နှုန်း ) ( ၁၉၄၈ မှ ၂၀၁၇ ခုနှစ်အထိ ) ရာခိုင်နှုန်း
5
ဧရာဝတီတိုင်းဒေသကြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈/၁၉ - ၂၀၂၀/၂၁) ၏မူဘောင်
နိုင်ငံတော်၏ စီးပွားရေးမူဝါဒမျှော်မှန်းချက် နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်များ စီးပွားရေးမူဝါဒ ၁၂ ချက် မြန်မာနိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ( MSDP) -ဧရာဝတီတိုင်းဒေသကြီး ၏ -ဒုတိယ ၅ နှစ် ဒေသန္တရ စီမံကိန်း -မဟာဗျူဟာ/ ဖွံ့ဖြိုးမှု မူဘောင် မဟာဗျူဟာကျသည့် ဖွံ့ဖြိုးမှု ဒေသများ (ဧရာဝတီတိုင်း ဒေသကြီး အစိုးရ ပြုပြင်ပြောင်းလဲမှု ဦးစားပေး အစီအစဉ်များ) -ဒေသန္တရစီမံကိန်းကော်မရှင် နှင့် ဒေသန္တရစီမံကိန်း ရေးဆွဲရေး ကော်မတီ ( RPC & RPFIC) -စီမံကိန်းအကြံဉာဏ်များ ရယူခြင်း- ကဏ္ဍအလိုက်/ အေဂျင်စီ စီမံကိန်းများ နှင့် အကြံဉာဏ်များ -ပါဝင်ပတ်သက်သူအများ / ပုဂ္ဂလိက ကဏ္ဍတို့မှ အကြံဉာဏ်များ ဧရာဝတီတိုင်းဒေသကြီးဒေသန္တရစီးပွားရေး ဖွံ့ဖြိုးမှုစီမံကိန်း (၂၀၁၈-၁၉ / ၂၀၂၀-၂၁) မျှော်မှန်းချက် စိန်ခေါ်မှုနှင့်ကွာဟချက်များ ဗျူဟာမြောက်မူဘောင် ရလာဒ်များ ဒေသဆိုင်ရာ အကြံဉာဏ်များ (လွှတ်တော်၊ CSO, ARCCI စသည်များ) ကျယ်ပြန့်ပြည့်စုံသော ကြံဉာဏ်များ(ဒေသ/ခရိုင်/မြို့နယ်အဆင့် ညှိနှိုင်းဆွေးနွေးမှုများ) အခြား(ပညာရှင်စသည်)
6
ဧရာဝတီတိုင်းဒေသကြီး၏မူဝါဒ
ဧရာဝတီတိုင်းဒေသကြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်ပါ မူဝါဒများကို ချမှတ်ထားပါသည်- (က) ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာကဏ္ဍကို အခြေခံပြီး မွေးမြူရေးကဏ္ဍ နှင့် စက်မှုကဏ္ဍ ဘက်ညီစွာ ဖွံ့ဖြိုးတိုးတက် စေရန်၊ (ခ) ဆင်းရဲမှုလျော့နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ရန်၊ (ဂ) တိုင်းဒေသကြီး၏လူမှုစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ (ဃ) တိုင်းဒေသကြီးအတွင်းရှိ မြို့ပြနှင့်ကျေးလက်များ အချိုးကျ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ (င) ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်
7
ဧရာဝတီတိုင်းဒေသကြီး၏ရည်မှန်းချက်
ဧရာဝတီတိုင်းဒေသကြီးတွင် ချမှတ်ထားသည့် ရည်မှန်းချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါ သည်- (က) လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် စက်မှုကဏ္ဍတို့မှ အဓိကထုတ်ကုန်များ သည် ဒေသတွင်းဖူလုံမှုရှိရုံသာမက အခြားဒေသများနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ရန်၊ (ခ) လယ်ယာကဏ္ဍ ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုလက်မှုကဏ္ဍများ ဘက်ညီစွာ တိုးတက်လာစေရန်နှင့် လယ်ယာ၊ စက်မှုကဏ္ဍ ချိန်ခွင်လျှာညီသည့် စီးပွားရေး ပုံစံဖော်ထုတ်ရန်၊ (ဂ) စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်း များကို ပံ့ပိုးကူညီရန်၊ (ဃ) လျှပ်စစ်ဓာတ်အား၊ လမ်း၊ တံတားစသည့်အခြေခံ စီးပွားရေး အဆောက်အအုံ များ လျင်မြန်စွာ တိုးတက်ဖြစ်ပေါ်လာစေရန်၊ (င) ပြည်တွင်း/ ပြည်ပခရီးသွားများ ပိုမိုစီးဝင်လာစေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပိုမိုဖြစ်ထွန်းလာစေရန်နှင့် ဒေသထွက်ကုန်များအား တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချစေရန်၊ (စ) သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အစီအမံများဆောင်ရွက် ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအနေဖြင့် သဘာဝဘေးဒဏ် ခံစားရသော ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိရေး စီမံဆောင်ရွက်ရန်၊
8
ဧရာဝတီတိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၏ မဟာဗျူဟာမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
(၁) ခိုင်မာသော အချက်အလက်များနှင့် ရလဒ်များကို အခြေခံသော အစီအစဉ်များ ရေးဆွဲကာ လူထု၏ အခြေခံလိုအပ်ချက်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း (၂) ဒေသတွင်း၊ ဒေသပြင်ပတို့နှင့် ဆက်နွယ်နေသော ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းများ ပိုမိုကောင်းမွန်လာရန် ဆောင်ရွက်ခြင်း (၃) ဒေသနှင့်ကိုက်ညီသော ကုန်ထုတ်လုပ်မှုများနှင့် ကုန်ပစ္စည်းများ တိုးတက် လာအောင် ဆောင်ရွက်ကာ အသက်မွေးမှုအခွင့်အလမ်းများ ပေါများလာအောင် ဆောင်ရွက်ခြင်း (၄) တိုးတက်လာသော အသက်မွေးမှု အခွင့်အလမ်းများကို ဒေသခံပြည်သူများ ရရှိခံစားလာနိုင်စေခြင်း (၅) ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေပြီး ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ရရှိခံစားလာစေခြင်း
9
စီးပွားရေးနှင့်လူမှုရေးပြုပြင်ပြောင်းလဲမှုအခြေခံမူဘောင်
ဧရာဝတီတိုင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအခြေခံများနှင့် သဘာဝ အရင်းအမြစ် များအပေါ်တွင် အခြေခံ၍ ဦးစားပေးကဏ္ဍ ( ၇ ) ရပ်ကို ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ရွေးချယ်ပါသည်။ (၁) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်သစ်တောကဏ္ဍ (၂) သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံ (၃) အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (၄) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး (၅) ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး (၆) ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု (၇) ဦးဆောင်မှုအခန်းကဏ္ဍ
10
ဧရာဝတီတိုင်းဒေသကြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ရင်းနှီးမြုပ်နှံမှု အရင်းအမြစ်များ
(၁) ပြည်ထောင်စုနှင့်တိုင်းဒေသကြီးအဆင့်ရင်းနှီးမြုပ်နှံမှုများ (နိုင်ငံတော်ဘတ်ဂျက်) (၂) နိုင်ငံတကာ ဖွံ့ဖြိုးမှုအကူအညီများ (၃) ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုများ (၄) ချေးငွေအစီအစဉ်များ
11
ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းသည် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း အကောင်အထည်ဖော်မည့် အစီအမံ ဖြစ်ပြီး အောက်ပါ အချက်အလက်များကို အခြေခံ၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ (၁) အချက်အလက်များခိုင်မာလာစေခြင်း -အခြေခံလိုအပ်ချက်များကိုပိုမိုကောင်းမွန်စွာပံ့ပိုးနိုင်ရန် ပြည်သူ့လိုအပ်ချက် နှင့်ဆိုင်သော ခိုင်မာသည့် အချက်အလက်များနှင့် အသိပညာရပ်များ တိုးတက်လာစေရန်။ (၂) စမ်းသပ်အစီအစဉ်များဆောင်ရွက်ခြင်း -ကဏ္ဍအလိုက် ဦးစားပေးအစီအစဉ်များနှင့် ဦးစားပေးနေရာများတွင် စမ်းသပ် စီအစဉ်များဆောင်ရွက်ပြီးလမ်းစဉ်အသစ်များကိုဖော်ထုတ်ရန်။ (၃) လက်ရှိဆောင်ရွက်ချက်များပိုမိုအားကောင်းလာစေရေး -လက်ရှိဆောင်ရွက်နေသော လုပ်ဆောင်မှုများအတွင်း ပိုမိုအားကောင်း နိုင်စေသော အခွင့်အလမ်းများ ဖော်ထုတ်ရန်။ (၄) လိုအပ်ချက်များအားပေးဆောင်ရွက်ခြင်း -တိုက်ရိုက် မဆောင်ရွက်နိုင်သော်လည်း ပြုပြုင်ရန် လိုအပ်ချက်များကို အားပေးဆောင်ရွက်သွားရန် ။
12
တစ်နှစ်ပျှမ်းမျှတိုးတက်မှုနှုန်း
ဒေသန္တရဖွံ့ဖြိုးတိုးတက်မှု ဒုတိယ (၅) နှစ် စီမံကိန်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အထိ ဂျီဒီပီ တိုးတက်မှုနှုန်းရည်မှန်းချက် စဉ် ဘဏ္ဍာနှစ် တိုးတက်မှုနှုန်း ၁ ၂၀၁၆-၂၀၁၇ ၃.၉ ၂ ၂၀၁၇-၂၀၁၈ ၄.၇ ၃ ၂၀၁၈-၂၀၁၉ ၅.၁ ၄ ၂၀၁၉-၂၀၂၀ ၅.၄ ၅ ၂၀၂၀-၂၀၂၁ ၅.၇ တစ်နှစ်ပျှမ်းမျှတိုးတက်မှုနှုန်း ၅.၀ ရာခိုင်နှုန်း ဇာစ်မြစ်။ စီမံကိန်းရေးဆွဲရေးဦးစီးဌာန
13
ဒေသန္တရဖွံ့ဖြိုးတိုးတက်မှု ဒုတိယ(၅) နှစ် စီမံကိန်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အထိ လူတစ်ဦးစီ၏ ပျှမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး ရည်မှန်းချက် စဉ် ဘဏ္ဍာနှစ် Per Capita GDP (ကျပ်) ၁ ၂၀၁၆-၂၀၁၇ ၁၆၅၂၁၂၃ ၂ ၂၀၁၇-၂၀၁၈ ၁၆၇၂၆၃၀ ၃ ၂၀၁၈-၂၀၁၉ ၁၇၆၇၃၂၅ ၄ ၂၀၁၉-၂၀၂၀ ၁၈၃၅၀၇၂ ၅ ၂၀၂၀-၂၀၂၁ ၁၈၄၂၅၉၇
14
ဧရာဝတီတိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းသည် နိုင်ငံတော်စီမံကိန်းနှင့် လိုက်လျောညီထွေရှိစေရန် အခြေခံအားဖြင့် နိုင်ငံတော်စီမံကိန်း၏မူဘောင်နှင့်အညီချမှတ်ထားပါသည်။ နိုင်ငံတော်၏ ရေရှည်မျှော်မှန်းချက်များကိုလည်း ထပ်ဟပ်ရေးဆွဲထားပါသည်။ အဓိကရည်ရွယ်ချက်မှာ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ လူထုအားလုံး၏ စီးပွားရေးနှင့်လူမှုရေး အခြေခံလိုအပ်ချက်များ အတွက် ဒေသတွင်း စီးပွားရေးတည်ငြိမ်မှုနှင့် တိုးတက်ဖွံ့ဖြိုးမှု ရရှိရန် အခြေခံအုတ်မြစ် ချမှတ်ပေးရန် ဖြစ်ပါသည်။
15
စိုက်ပျိုးရေးကဏ္ဍသည် ဒေသဖွံ့ဖြိုးတိုးတက်မှု၏ မဟာဗျူဟာ ကျသည့်အပြင် စက်မှုလက်မှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများ တိုးတက်မှု အတွက် သာမက တန်ဘိုးမြင့်လယ်ယာနှင့် သားငါးထုတ်ကုန်များဖွံ့ဖြိုး လာစေရန် အခြေခံကျသည့် ယှဉ်ပြိုင်နိုင်မှု၊ စွမ်းဆောင်ရည်ရှိမှု၊ ဆွဲဆောင် နိုင်မှုများအတွက် ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးမှုမဟာဗျူဟာကျသည့် ဒေသ များ [Strategic Development Areas (SDAs)] ကိုလည်း ဖေါ်ဆောင် ပေးမည် ဖြစ်ပါသည်။
16
ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းမူဘောင်ကို ကဏ္ဍကြီး (၇) ခု နှင့် အခြေခံထားသည့် အပြင် ဖွံ့ဖြိုးမှုအချက်အချာကျသည့် ဒေသများ၊ မဟာဗျူဟာ မြောက် ဖွံ့ဖြိုးမှုဒေသများကိုပါ အခြေခံရေးဆွဲထားပါသည်။
17
ကျေးဇူးတင်ပါသည်။
Similar presentations
© 2025 SlidePlayer.com. Inc.
All rights reserved.